Nirodhanibbānapañha
nirodhanibbānapañha:နိရောဓနိဗ္ဗာနပဉှ(တိ)
[နိရောဓနိဗ္ဗာန+ပဉှ]
နိရောဓနိဗ္ဗာနပြဿနာ၊ ကိလေသာတို့၏ ချုပ်ခြင်း 'နိရောဓ'သည် နိဗ္ဗာန်မည်သလော¿ ဟု- မေးမြန်း-ခြင်း-ကြောင်းဖြစ်သော- ပုစ္ဆာ။ (မိလိန္ဒမင်း ဧကရာဇ်၏ အမေးကို အရှင်နာဂသေနာထေရ်က မင်းကြီး ဗာလပုထုဇဉ်အားလုံးတို့သည် တွင်းပြင်နှစ်ဝအာယတန၌ နှစ်သက်စွဲလမ်းကြ၏၊ ယင်းဗာလပုထုဇဉ်တို့သည် ဇာတိ,ဇရာ,မရဏ စသည်မှ မလွတ်မြောက်နိုင်ကြ၊ အာဂမာ-ဓိဂမနှင့် စုံလင်လောက်ငှ အရိယသာဝက သည်မူကား အတွင်းအပအာယတန၌ မနှစ်သက် မစွဲလမ်း၊ ယင်းသို့ မနှစ်သက် မစွဲလမ်းသော အရိယာသာဝကအား တဏှာ-စသည်သည် ချုပ်၏- စသည်ဖြင့် ဖြေဆိုတော်မူသည်)။