Nirodhasamāpattikathā
nirodhasamāpattikathā:နိရောဓသမာပတ္တိကထာ(ထီ)
[နိရောဓသမာပတ္တိ+ကထာ]
(၁) နိရာဓသမာပတ္တိ-ကထာ။ (အန္ဓကဂိုဏ်းသားရဟန်းများနှင့် ဥတ္တရာပထဂိုဏ်းသား ရဟန်းများတို့သည် နိရောဓသမာပတ်ကို အသင်္ခတ-ဟု အယူရှိကြကုန်၏။ ယင်း အယူမှားကို ပယ်ချ၍ မိမိ အယူမှန်ကို ခိုင်မြဲအောင်ပြု၍ အရှင်မောဂ္ဂလိပုတ္တတိဿထေရ် ဟောတော်မူသည်၊ ခန္ဓာ ၄-ပါးတို့၏ မဖြစ်ခြင်းသည်ပင် နိရောဓ-သမာပတ်မည်ရကား သင်္ခတလက္ခဏာ,အသင်္ခတလက္ခဏာမရှိရကား သင်္ခတလည်း မဟုတ်,အသင်္ခတလည်းမဟုတ်ချေ။ ယင်းသို့ ပရဝါဒီတို့ နိရောဓသမာပတ်ကိငု အသင်္ခတ-ဟု ယူမှုနှင့် ပတ်သက်၍ ရှင်းလင်းဟောကြားချက်ကို တတိယသံဂါယနာတင်ကြားချက်ကို တတိယသံဂါယနာတင် ရဟန္တာအရှင်မြတ် (၁ဝဝဝ)တစ်ထောင်တို့က နိရောဓသမာပတ္တိကထာ-ဟု အတည်ပြုတော်မူခဲ့ကြသည်။ အဘိ၊ က။ ၂၄၅-၆။ (၂) နိရောဓသမာပတ်ကို ဆို-ရာ-ကြောင်းဖြစ်သော စကာ။ (ယင်းသည် ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ အရှင်မဟာဗုဒ္ဓဃောသထေရ် ဖြင့်ပြခဲ့သည်ကို ရည်ညွှန်းသော စကားဖြစ်၏) ၃။ နိရောဓသမာပတ်ဒေသနာကို ဘုရားရှင် ဟောတော်မူခြင်း။ နိရောဓသမာပတ် ဒေသနာ။