Niruttibhedasaṅgaha
niruttibhedasaṅgaha:နိရုတ္တိဘေဒသင်္ဂဟ(ပု)
[နိရုတ္တိဘေဒ+သင်္ဂဟ]
နိရုတ္တိဘေဒသင်္ဂဟကျမ်း။ (သဒ္ဒါကျမ်းလာ အစီအရင်အထူး၊ သို့မဟုတ် သဒ္ဒါနှင့်စပ် သိမှတ်ဖွယ် အထူးထူး အမျိုးမျိုးကို ပြဆိုရာကျမ်း။ ယင်းကျမ်းသည် ကျမ်းရင်း စာသားဂါထာ ၅၅၅-ရှိ၏။ နိဂုံး ၃-ဂါထာနှင့် ပေါင်းမူ ၅၅၈-ရှိ၏။ သက္ကရာဇ် ၁၁၈ဝ-နှစ်က စက္ကိန္ဒာဘိသိရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ဆရာတော် အရှင်ဓမ္မဓဇ (ဆရာတော်ဦးဗုဓ်) ရေးသားစီရင်ခဲ့သော ကျမ်းဖြစ်၏။ ယင်းကျမ်းနှင့် စပ်၍ သီဟိုဠ်ဘာသာရေး ပါဠိသမိုင်းကျမ်းနှင့် စပ်၍ သီဟိုဠ်ဘာသာရေး ပါဠိသမိုင်းကျမ်း (၂။ ၅၂၉)၌ ဖော်ပြပါရှိသည်။