Nissayapaccaya
					
					nissayapaccaya:နိဿယပစ္စယ(ပု)
  [နိဿယ+ပစ္စယ]
  (၁) နိဿယပစ္စည်း၊ တည်ရာ,မှီရာဟူသော အခြင်းအရာအားဖြင့် ကျေးဇူးပြုတတ်သော တရား။ (မြေကြီးသည် သစ်ပင်,တောင်အစရှိသည်တို့၏ တည်ရာဖြစ်သကဲ့သို့ တည်ရာဟူသော (အခြင်းအရာ) အကြောင်းအားဖြင့်လည်းကောင်း,ပုဆိုးသည် ပန်းချီရုပ်၏ မှီရာဖြစ်သကဲ့သို့ မှီရာဟူသော (အခြင်းအရာ) အကြောင်းအားဖြင့်လည်းကောင်း ကျေးဇူးပြုတတ်သော တရား။ ယင်းသည် အချင်းချင်း နာမက္ခန္ဓာ,သဟဇာတ်ဖြစ်သော ရုပ်တရားတို့၏ မှီရာဖြစ်သော နာမက္ခန္ဓာလေးပါး ပစ္စည်းတရား,အချင်းချင်းဖြစ်သော မဟာဘုတ်,ဥပါဒါရုပ်တို့၏ တည်ရာဖြစ်သော မဟာဘုတ်ပစ္စည်း တရား,ဝိညာဏဓာတ် ၇-ပါးတို့၏ မှီရာဖြစ်သော ဝတ္ထုရုပ် ၆-ပါး ပစ္စည်းတရားဟူ၍ ၃-မျိုးရှိ၏)။