Nissayasutta
					
					nissayasutta:နိဿယသုတ္တ(န)
  [နိဿယ+သုတ္တ]
  (၁) နိဿယသုတ် (ရဟန္တာပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော သီလ,သမာဓိ,ပညာ,အရဟတ္တဖိုလ်,ပစ္စဝေက္ခဏာဉာဏ်-ဟူသော တရား ၅-ပါးနှင့် ပြည့်စုံသော ရဟန်းသည် နိဿယည်း ပေးနိုင်၏ဟု ဘုရားရှင်က ရဟန်းတို့အား ဟောပြရာသုတ်)။ အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတပါဠိ၊ ၆-ဝဂ်၊ ၂-သုတ်၊ အံ၊ ၂။ ၂၃၈။ (၂) နိဿယသုတ် (သဒ္ဒါ,ဟိရီ,ဩတပ္ပ,ဝီရိယ,ပညာတရား ၅-ပါး၌ တည်၍ ဉာဏ်ပညာဖြင့် ဆင်ခြင်၍ မှီဝဲသင့်သည်ကို မှီဝဲခြင်း,သည်းခံသင့်သည်ကို သည်းခံခြင်း,ရှောင်ကြဉ်သင့်သည်ကို ရှောင်ကြဉ်ခြင်း တရား ၄-ပါးကို မှီ၍ နေသော ဘုရားရှင်က အညတရရဟန်းအား ဟောပြရာသုတ်)။ အင်္ဂုတ္တရနိကာယ၊ နိဝက နိပါတပါဠိ၊ ၁-ပဏ္ဏာသက၊ ၁-ဝဂ်၊ ၂-သုတ်၊ အံ၊ ၃။ ၁၆၅-၆။ (၃) နိဿယသုတ် (သီလရှိခြင်း,ဗဟုဿုတရှိခြင်း,ပါတိမောက်ကို အကျယ်နှုတ်တတ်ရခြင်း,ဂိလာနရဟန်းကို ကိုယ်တိုင်လုပ်ကျွေးခြင်း,သူတစ်ပါးကို လုပ်ကျွေခြင်းငှါ စွမ်းနိုင်ခြင်း,မမွေ့လျော်မှုကို ကိုယ်တိုင်ငြိမ်းခြင်း,သူတစ်ပါးကို ငြိမ်းစေခြင်း ငှါ စွမ်းနိုင်ခြင်း,ဖြစ်ပေါ်လာသော ကုက္ကုစ္စကိုတရားသဖြင့် ပယ်ဖျောက်ရန် စွမ်းနိုင်ခြင်း,ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားသဖြင့် ကင်းစေရန် စွမ်းနိုင်ခြင်း,အဓိသီလ၌တည်စေရန် စွမ်းနိုင်ခြင်း,အဓိစိတ္တ၌တည်စေရန် စွမ်းနိုင်ခြင်း,အဓိပညာ၌ တည်စေရန် စွမ်းနိုင်ခြင်း-ဟူသော ဤတရား ၁ဝ-ပါးနှင့် ပြည့်စုံသော ရဟန်းသည် နိဿယည်းပေးနိုင်၏ဟု ဘုရားရှင်က အရှင်ဥပါလိအား ဟောပြရာ သုတ်)။