Paccavekkhaṇasutta
paccavekkhaṇasutta:ပစ္စဝေက္ခဏသုတ္တ(န)
[ပစ္စဝေက္ခဏ+သုတ္တ]
ပစ္စဝေက္ခဏသုတ်၊ ဘုရားရှင်သည် မိမိ ပယ်အပ်ပြီးဖြစ်သည့် အကုသိုလ်တရားများနှင့် ပွါးများမှု ပြည့်စုံခြင်းသို့ရောက်သည့် ကုသိုလ်တရားများကို ဆင်ခြင်လျက် နေတော်မူစဉ် ယင်းတရား ၂-ပါးကို သိတော်မူ၍ "အရဟတ္တမဂ်ဉာဏ် မဖြစ်မရမီ ရှေးအခါက ငါ့သန္တာန်၌ ဖြစ်ပေါ်ခဲ့ဘူးသော ကိလေသာတရားများသည် အရဟတ္တမဂ်ဉာဏ်ဖြစ်ပေါ်လာသောအခါ မဖြစ်ပေါ်ကြတော့ပြီ၊ မဖြစ်ပေါ်ဘူးသေးသည့် အသာဓာရဏဉာဏ် စသော အနဝဇ္ဇတရားအပေါင်းသည် ဖြစ်ပေါ်လာကြ၏၊ အရဟတ္တမဂ်ဉာဏ်သည် ဖြစ်ပေါ်ရရှိသောအခါမှ ရှေးကာလကလည်း မဖြစ်ဘူးခဲ့၊ ပယ်သတ်စရာ ကိလေသာ မရှိတော့သောကြောင့် နောင်လည်း ဖြစ်ပေါ်လာတော့မည်မဟုတ်၊ ကိလေသာ ပယ်သတ်မှု ပြုဖွယ်ကိစ္စမရှိသောကြောင့် ယခုလည်း ဖြစ်ဆဲ မဟုတ်ပေ"ဟု ဥဒါန်းကျူးရင့်တော်မူ၏၊ ယင်းသို့သက်ဝင်ဆင်ခြင်ပြီး၍ ဥဒါန်းကျူးရင့်ပုံကို ဟောပြရာသုတ်။