Rāhulasutta
rāhulasutta:ရာဟုလသုတ္တ(န)
[ရာဟုလ+သုတ္တ]
ရာဟုလသုတ်-(က) ရာဟုလထေရ်၏ မေးလျှောက်ချက်အရ ၎င်းထေရ်အား ခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ် ငါမဟုတ် အတ္တမဟုတ်ဟု ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ပညာဖြင့် ရှုမှတ်သော သူအား ဒိဋ္ဌိ တဏှာ မာနတရား ၃-ပါး မဖြစ်နိုင်ပုံ ဟောသောသုတ်။ (ခ) ဘုရားရှင်က မိမိထံ ဆည်းကပ်လာသော သားတော်ရာဟုလာအား အတွင်းအပဖြစ်သည့် ဓာတ်လေးပါးသည် ငါ့ဥစ္စာမဟုတ် ငါမဟုတ် အတ္တမဟုတ်-ဟုရှု-မှတ်-သင့်ပုံ-ယင်းသို့ ရှုမှတ်သူသည် ဓာတ်လေးပါး၌ ငြီးငွေ့နိုင်ပုံ,တပ်မက်မှု ကင်းနိုင်ပုံ-ကို ဟောသော အချုပ်အားဖြင့် လေးပါးသော အဖို့-အစု-ရှိသည့် အတ္တမှ ဆိတ်သုဉ်းခြင်းကို ဟောသော သုတ်။ (ဂ) ပညာရှိများကို မနှိပ်စက်သင့်ပုံ,အမြဲမပြတ် ပူဇော်သင့်ပုံကို သားတော်ရာဟုလအား ဆုံးမတော်မူပြီးနောက် ကာမဂုဏ်ငါးပါးတို့၌ တပ်မက်သော တဏှာကို ပယ်စွန့်ကာ မိတ်ဆွေကောင်းတို့ကို အမြဲမပြတ် မှီဝဲဆည်းကပ်လျှင် ပစ္စည်းလေးပါးတို့၌ တပ်မက်မောသော တဏှာကို ပယ်စွန့်ပြီးလျှင် စတုပါရိသုဒ္ဓိသီလကို ပြည့်စုံစေ၍ ကာယဂတာသတိ ဘာဝနာ,အနဘိရတိသညာ,အသုဘဘာဝနာတို့ကို ပွါးများအားထုတ်ပြီးသောအခါ အနိမိတ္တအမည်ရသော ဝိပဿနာကို ရှုမှတ် ပွါးများ အားထုတ်သင့်ပုံကို သားတော်ရာဟုလအား အမြဲမပြတ် ဆုံးမတော်မူသော သုတ်။ ရာဟုလောဝါဒသုတ္တ-(၂)-လည်းကြည့်။