Tāyanasutta
tāyanasutta:တာယနသုတ္တ(န)
[တာယန(၂)+သုတ္တ]
တာယနသုတ်၊ တဏှာအလျဉ်-နှင့် ကာမတရားတို့ကို မဖြတ်တောက်,မပယ်နုတ်ခဲ့ပါလျှင် ဈာန်တရားမရနိုင်ကြောင်း,ရော့ရဲရဲ လုံ့လရှိသော ရဟန်းအဖြစ်သည် ကိလေသာမြူကို မိမိအပေါ် သွန်းလောင်းနေသည်မည်ကြောင်း,မကောင်းမှုကို ရှောင်ရှား၍ နောင်တတစ်ဖန် မပူပန်ရသော ကောင်းမှုကို ပြုကျင့်ခြင်းသာ မြတ်ကြောင်း,မကောင်းသဖြင့် ကိုင်ဆွဲအပ်သော သမန်းမြက်သည် လက်ကို ရှသကဲ့သို့မကောင်းသဖြင့် သုံးသပ်အပ်သော ရဟန်းအဖြစ်သည် ငရဲသို့ ဆွဲချတတ်ကြောင်း,ရော့ရဲရဲပြုသောအမှု,ညစ်ညူးသော အကျင့်,ယုံမှားသဖြင့် အောက်မေ့အပ်သော ဗြဟ္မစရိယတို့ အကျိုးမများကြောင်း-စသည်ဖြင့် တာယန-နတ်သား လျှောက်ထားအပ်သော စကားကို လက်ခံဟောပြရာ သုတ်။