Tevijjasutta
tevijjasutta:တေဝိဇ္ဇသုတ္တ(န)
[တေဝိဇ္ဇ+သုတ္တ]
တေဝိဇ္ဇသုတ်၊ (က) ဗေဒင် ၃-ပုံတတ် တေဝိဇ္ဇ-အမည်ခံပုဏ္ဏားတို့သည် ဗြဟ္မာကို မမြင်ဖူးပဲလျက်,အဘယ်၌ ဗြဟ္မာရှိသည်-ဟု မသိပဲလျက် ဗြဟ္မာ့အထံသို့ သွားရောက်နိုင်သော အကျင့်လမ်းကြောင်းကို ဟောပြခြင်းသည် သူတစ်ပါးတို့ မတားမြစ် မကန့်ကွက်နိုင်သော ခိုင်မာပြည့်စုံသော စကားမဟုတ်-ဟု ဇနပဒကလျာဏီ ဥပမာ,နိေဿဏီ ဥပမာ,အစိရဝတိနဒီ ဥပမာတို့ဖြင့် ဝါသေဋ္ဌ,ဘာရဒွါရပုဏ္ဏားလုလင်တို့အား ဟောပြရာသုတ်။ (ခ) "၃-ပါးသော ဝိဇ္ဇာဉာဏ်တို့နှင့်ပြည့်စုံသူကိုသာ တေဝိဇ္ဇဗြာဟ္မဏ-မည်၏"ဟု ငါဘုရားဟောတော်မူသည်။ မူရင်းကြည့်ပါ။