Therasutta
therasutta:ထေရသုတ္တ(န)
[ထေရ+သုတ္တ]
ထေရသုတ်၊ (က) အသက်,သိက္ခာ-ကြီးခြင်း,အခြံအရံ အကျော်အစောများခြင်း,လာဘ်ပေါခြင်း,ဘုန်းကြီးခြင်း,အကြားအမြင်များခြင်း=ကျမ်းဂန်တတ် ပုဂ္ဂိုလ်ဖြစ်ခြင်း-ဤအင်္ဂါ ၄-ပါးနှင့် ပြည့်စုံသော မထေရ်ကြီးသည် ဖောက်ပြန်သော အယူအဆ ဝါဒမှား ရှိနေပါလျှင် လောက၌ ကြီးမားသော အကျိုးမဲ့ကို ဖြစ်ပွါးစေနိုင်၏။ သို့မဟုတ် မဖောက်မပြန် အယူမှန်ရှိလျှင် လောက၌ များသောအကျိုးစီးပွါးကို ဖြစ်ထွန်းစေနိုင်၏-ဟု မထေရ်ကြီးများနှင့်စပ်၍ဟောပြရာသုတ်။ (ခ) အသက်,သိက္ခာကြီးခြင်း,သီလနှင့် ပြည့်စုံခြင်း,အကြားအမြင်များခြင်း,ဝိနည်း၌ အထူး ကျွမ်းကျင်လိမ္မာခြင်း,အဓိကရုဏ်းငြိမ်းမှု၌ လိမ္မာခြင်း,တရား၌ လိုလားခြင်း,ရောင့်ရဲလွယ်ခြင်း,ကြည်ညိုဖွယ် အနေအထိုင်ရှိခြင်း,ဈာန်ဝင်စားနိုင်ခြင်း,ရဟန္တာဖြစ်ခြင်း-ဤ ဂုဏ်အင်္ဂါ ၁ဝ-ပါးနှင့် ပြည့်စုံသော မထေရ်သည် မည်သည့်အရပ်၌မဆို ချမ်းသာစွာနေနိုင်၏-ဟု ဟောပြရာသုတ်။