Tissasutta
					
					tissasutta:တိဿသုတ္တ(န)
  [တိဿ+သုတ္တ]
  တိဿသုတ်၊ ဘုရားရှင် ဘထွေးတော်၏ သားဖြစ်သော တိဿထေရ်ကို အကြောင်းပြု၍ ဟောပြရာသုတ်၊ သာသနာ၌ မမွေ့လျော်ပဲ တရားကျင့်နေရ၍ တရားရ,မရ ယုံမှားမှုရှိနေကြောင်းကို ရဟန်းတို့အား ပြောကြားသော တိဿထေရ်အား ခန္ဓာ ၅-ပါး၌ တပ်မက်မှု 'ရာဂ' မကင်းသမျှ စိုးရိမ်ပူဆွေးမှု 'သောက',ငိုကြွေးမည်တမ်းမှု 'ပရိဒေဝ',ကိုယ်ဆင်းရဲမှု 'ဒုက္ခ',စိတ်ဆင်းရဲမှု,'ဒေါမနဿ',ပြင်းစွာပင်ပန်းမှု 'ဥပါယာသ'တို့ဖြစ်၍ ခန္ဓာ ၅-ပါး၌ တပ်မက်မှု 'ရာဂ' ကင်းခဲ့သော် ယင်း-တရားတို့ မဖြစ်နိုင်ပုံနှင့် ခန္ဓာ ၅-ပါး မမြဲပုံကို ဟောပြရာသုတ်။