Uddhaggalomalakkhaṇa
uddhaggalomalakkhaṇa:ဥဒ္ဓဂ္ဂလောမလက္ခဏ(န)
[ဥဒ္ဓဂ္ဂလောမတာ+လက္ခဏ]
ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော်၊ အထက်သို့ အဖျားလှည့်သော မွေးညှဉ်းတော်- ရှိသည်၏ အဖြစ်-ရှိခြင်း-ဟူသော လက္ခဏာတော်။ ထိုလက္ခဏာတော်,မြတ်စွာဘုရားတည်းဟူသော ယောက်ကျားမြတ်တို့၏ လက္ခဏာတော်ကြီး (မဟာပုရိသလက္ခဏာတော်ကြီး) သုံးဆယ့်နှစ်ပါးတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏၊ ထိုယောက်ကျားမြတ်တို့၏ အမွေး (မွေးညှင်း) တော်တို့သည် လက်ယာရစ် လည်ပတ်လျက် (ခွေလျက်) ရှိပြီး ရွှေမျက်နှာတော်၏ တင့်တယ်သပ္ပါယ်ပုံကို မော်၍ ကြည့်နေသကဲ့သို့ ထင်ရလောက်အောင် မွေးညှင်းအဖျားအချွန်တို့သည် အထက်သို့ လှည့်နေမော်နေကြကုန်၏။ ယင်းသို့ မွေးညှင်းတော် တို့၏အဖျား အထက်သို့ လှည့်နေခြင်းသည် ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော် မည်၏။