Upādāniyasutta
upādāniyasutta:ဥပါဒါနိယသုတ္တ(န)
[ဥပါဒါနိယ+သုတ္တ]
ဥပါဒါနိယသုတ်။ (ဤအမည်ဖြင့် သံယုတ်၌ နှစ်သုတ်တွေ့သည်။ သံ၊ ၁-၌ ခန္ဓာငါးပါးတို့ကိုစွဲလမ်းအပ်သော တရားများဟုလည်းကောင်း၊ ခန္ဓာငါးပါးတို့၌ လိုချင်တပ်မက်မှုကို စွဲလမ်းမှု ဥပါဒါန်ဟုလည်းကောင်း ဟောတော်မူသည်။ သံ၊၁။၃၁၁-၃၁၂။ ယင်းသုတ်ကို ဆဋ္ဌမူ၌ ဥပါဒါနသုတ်ဟု အမည်ပေးထား၏၊ ဘုရားရှင်ကမူ ပါဠိတော်၌ "ဥပါဒါနိယေသု ဓမ္မေသု"ဟု ဟောကြားထားသည်။ ယင်းဟောကြားချက်အရ ဋီကာဆရာက ဥပါဒါနိယသုတ်ဟု အမည်ပေးထားသည်။ သံ၊ ၂- ဥပါဒါနိယသုတ်၌ အဆင်းစသည် တို့သည် စွဲလမ်းကြောင်း ဥပါဒါနိယတို့မည်၏။ ထိုအဆင်းစသည်တို့၌ လိုချင်စွဲမက်မှုသည် စွဲလမ်းမှု ဥပါဒါန်မည်၏-ဟု ဟောတော်မူထားသည်။