Upanāha
upanāha:ဥပနာဟ(ပု)
[ဥပ+နဟ+ဏ]
ရန်ငြိုးဖွဲ့ခြင်း၊ ထိုရန်ငြိုးဖွဲ့ခြင်း ဥပနာဟသည် "ဤသူကား ငါ့ကို ဆဲရေးခဲ့ ညှင်းဆဲနှိပ်စက်ခဲ့ဖူးသူ ဖြစ်သည် စသည်ဖြင့် အမျက်ဒေါသဖြင့် စိတ်ကို အထပ်ထပ်နှောင်ဖွဲ့ခြင်းလက္ခဏာရှိ၏။ ရန်အမျက်ကို မစွန့်လွှတ်ခြင်း ကိစ္စရှိ၏။ ရှေ့ဒေါသသို့ အစဉ်တစိုက်လိုက်တတ်သော သဘောတရားအဖြစ်ဖြင့် ယောဂီဉာဏ်၌ ထင်ပေါ်လာ၏။ ဖော်ပြလတ္တံ့သော ပါဠိတော်တို့၌ ကောဓနှင့် ဥပနာဟကို အတူတွဲဖက်၍ ဟောတော်မူ၏.ထိုတွင် ရှေ့ပိုင်းကာလ၌ ဖြစ်သောဒေါသ (ရှေ့ဒေါသ)ကို ကောဓဟုခေါ်၍ နောက်ပိုင်းကာလ၌ ဖြစ်သော ဒေါသ (နောက်ဒေါသ)ကို ဥပနာဟ ဟုခေါ်၏။ တနည်း -တကြိမ်များစွာ ဖြစ်သော ဒေါသကို ဥပနာဟ ဟုခေါ်၏။ (၂) အဝတ်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ခြင်း၊ ပြင်းစွာ ဖွဲ့ခြင်း။