Upassayasutta
upassayasutta:ဥပဿယသုတ္တ(န)
[ဥပဿယ+သုတ္တ]
ဥပဿယသုတ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်ပိုင်းကာလ၌ အသျှင်မဟာကဿပနှင့် အသျှင်အာနန္ဒာတို့ ဘိက္ခုနီမကျောင်းသို့ ကြွရောက်တော်မူပြီးလျှင် အသျှင်မဟာကဿပက တရားဟောတော်မူပြီး ပြန်ကြွတော်မူသော အခါ ထုလ္လတိဿာရဟန်းမကို "အဘယ့်ကြောင့် အသျှင်မဟာကဿပသည် ပညာရှိရဟန်းဖြစ်သော အသျှင်အာနန္ဒာ မျက်မှောက်၌ တရားဟောသင့်၏ဟု မှတ်ထင်ဘိသနည်း။ အပ်ကုန်သည်သည် အပ်လုပ်သူ၏ အထံ၌ အပ်ကို ရောင်းသင့်၏ဟု မှတ်ထင်သကဲ့သို့ အသျှင် မဟာကဿပသည် ပညာရှိ ရဟန်းဖြစ်သော အသျှင်အာနန္ဒာမျက်မှောက်၌ တရားဟောသင့်၏ဟု မှတ်ထင်ဘိ၏"ဟု မနှစ်လိုသော စကားဆိုသည်ကို အကြောင်းပြု၍ အသျှင်မဟာကဿပက အသျှင်အာနန္ဒာအား၊ မိမိကိုယ်ကို ဘုရားနှင့်တူသည်၏ အဖြစ်ကို ဟောတော်မူပြီးလျှင် "အကြင်သူသည် ငါ၏ အဘိညာဉ် ခြောက်ပါးတို့ကို ဖုံးလွှမ်းအပ်၏ဟု မှတ်ထင်၏၊ ထိုသူသည် ခုနစ်တောင် ခုနစ်တောင်ထွာရှိသော ဆင်ကို ထန်းရွက်နုဖြင့် ဖုံးလွှမ်းအပ်၏ဟု မှတ်ထင်ဘိ၏"ဟု ဟောတော်မူသောသုတ် ဖြစ်သည်။