Utena
utena:ဥတေန(ပု)
[ယာဒိစ္ဆကနာမ်။ ဥတု+ဣ+ယု¿။ ဥတု+ဣန¿]
ဥတေန (ဥဒေန)မည်သောမင်း။ ကောသမ္ဗီပြည် ပူရန္တပ္ပမင်း၏ သားဖြစ်သည်၊ ကိုယ်ဝန်ရှိနေသောသူ၏ မိခင်ကို သားတစ်အမှတ်ဖြင့် ငှက်ဆင်ကြီးက ချီယူသွားပြီး ဟိမဝန္တာရှိ ညောင်ပင်ကြီးတစ်ပင်ပေါ်ထားရာမှ ထိုညောင်ပင်ပေါ်၌ မွေးဖွားသည်။ မိုးအငွေ့,တောင်အငွေ့,အရုဏ်အငွေ့ကိုယူ၍ မွေးဖွားသောကြောင့် ဥတေနဟု အမည်ပေးသည်။ ဥတေန,သူ၏မိခင်ကို အလ္လကပ္ပရသေ့က ထိန်းသိမ်း စောင့်ရှောက်ထားသည်။ ပူရန္တပ္ပမင်းနတ်ရွာစံချိန်၌ အလ္လကပ္ပရသေ့က ဥတေနအား ဆင်လာစေသောမန္တန်,ဆင်ပြေးစေသော မန္တန်များသင်ပေးပြီး ကောသမ္ဗီပြည်သို့ စေလွှတ်၍ မင်းပြုစေသည်။ ဥဒေန-လည်းကြည့်။