Vatthadānānisaṃsa
					
					vatthadānānisaṃsa:ဝတ္ထဒါနာနိသံသ(ပု)
  [ဝတ္ထဒါန+အာနိသံသ]
  အဝတ်-အထည်-ပုဆိုး-သင်္ကန်း-ကိုပေးလှူခြင်း၏-အကျိုး-အာနိသင်။ ဝတ္ထဒါနာနိသံသပဋိသံယုတ္တ-ကြည့်။ (အဝတ်-အထည်-ပုဆိုး-သင်္ကန်း-ကိုပေးလှူခြင်း၏ အကျိုးများ အဆင်း၏ ပြည့်စုံခြင်း,အဆင်းလှခြင်း,ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း,ကြည်ညိုဖွယ်ရှိခြင်း,မြူအညစ်အကြေး ကင်းခြင်း,ပြိုးပြိုးပြက်ပြက် အရောင်ထွက်ခြင်း,တန်ခိုးကြီးမားခြင်း,ခန္ဓာကိုယ်ပြေပြစ်ခြင်း,ကောင်းကင်၌ အမိုးအကာကို ရခြင်း,ဖြူသော အဝတ်ပုဆိုး တစ်သိန်း,ဝါသော အဝတ်ပုဆိုး တစ်သိန်း,နီသော အဝတ်ပုဆိုး တစ်သိန်းတို့သည် ဦးထိပ်၌ ဆောင်းမိုးခြင်း,ဖြစ်လေရာရာ ဘုံဘဝတို့၌ အဝတ်အထည် ပေါများခြင်း,ပိုးထည်,ကမ္ဗလာထည်,ခေါမထည်,ဝါချည်ထည်တို့ကို အလိုရှိတိုင်း ဝတ်ဆင်ရခြင်း,၉၄-ကမ္ဘာတိုင်တိုင် အပါယ်လေးပါး မလားရခြင်း,နတ်ပြည်၌ ဖြစ်ရခြင်း,စသော အကျိုးတို့ ဖြစ်ပါသည်)။