Vijitasaṅgāma
vijitasaṅgāma:ဝိဇိတသင်္ဂါမ(တိ)
[ဝိဇိတ+သင်္ဂါမ။ သံ၊ဋ္ဌ၊၁။ ၂၅၅။ ဝဇိရ။ ၃၉၇။]
(၁) (က) အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော (ဒေဝပုတ္တ၊ မစ္စု၊ ကိလေသ၊ အဘိသင်္ခါရ) မာရ်စစ်သည် ရှိသော၊ (ဒေဝပုတ္တ၊ မစ္စု၊ ကိလေသ၊ အဘိသင်္ခါရ) မာရ်စစ်သည်ကို အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (မြတ်စွာဘုရား)။ (ခ) အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော (ဒေဝပုတ္တ၊ မစ္စု၊ ကိလေသ)မာရ်စစ်သည် ရှိသော၊ (ဒေဝပုတ္တ၊ မစ္စု၊ ကိလေသ)မာရ်စစ်သည်ကို အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (မြတ်စွာဘုရား)။ (ဂ)အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော (ကိလေသ၊ ဒေဝပုတ္တ) မာရ်စစ်သည် ရှိသော၊ (ကိလေသ၊ ဒေဝပုတ္တ) မာရ်စစ်သည်ကို အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (မြတ်စွာဘုရား)။ (ဃ) အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော ကိလေသ မာရ်စစ်သည် ရှိသော၊ ကိလေသ မာရ်စစ်သည်ကို အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (မြတ်စွာဘုရား)။ (၂) အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော (မာရ် ၅-ပါးတို့နှင့်) –စစ်ထိုး-စစ်တိုက်-ခြင်းရှိသော၊ (မာရ် ၅-ပါးတို့နှင့်)- စစ်ထိုး-စစ်တိုက်-ခြင်းကို- အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (မြတ်စွာဘုရား)။ (၃) အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-အပ်ပြီးသော-စစ်မြေပြင်-စစ်ပွဲ-ရှိသော၊ စစ်မြေပြင်-စစ်ပွဲ-ကို- အောင်-နိုင်-လွှမ်းမိုး-နှိမ်နှင်း-ပြီးသော (သိကြားမင်း)။ မူရင်းကြည့်ပါ။