Yathāha
yathāha:ယထာဟ(၊)
[ယထာ-အာဟ။ ယထာ အာ-ဟာတိ ပဒစ္ဆေဒေါ။]
(၁) (ငါဆိုအပ်ပြီးသော အနက်ကို ပြီးစေတတ်သော) အဘယ်စကားကို (မြတ်စွာဘုရားသခင်) ဟောကြားတော်မူပါ သနည်း။ (၂) အကြင်-အပြား-အခြင်းအရာ-အားဖြင့် (ငါဆို၏၊ ထို-အပြား-အခြင်းအရာ-အားဖြင့်-ပါဠိတော်၌လည်း မြတ်စွာဘုရားသခင်) ဟောကြားတော်မူအပ်ပြီ။ (၃) အကြင်-အပြား-အခြင်းအရာ-အားဖြင့် (သုတ်အဘိဓမ္မာဝိနည်းကို သင်္ဂါယနာတင်ခြင်း အကျိုးငှါ ရဟန်းတို့အား အားထုတ်ခြင်းကို ဖြစ်စေပြီ၊ ထို-အပြား-အခြင်းအရာ-အားဖြင့် ပါဠိတော်၌လည်း မြတ်စွာ ဘုရားသခင်) ဟောကြားတော်မူအပ်ပြီ။ (၄) အကြင်စကားကို (ပါဠိတော်၌ မြတ်စွာ ဘုရား သခင်) ဟောကြားတော်မူပြီ၊ (ထိုစကားနှင့် ငါဆိုအပ်သော စကားသည် ညီညွှတ်နှီးနှော ၏)။မူရင်းကြည့်ပါ။