aññavādaka
aññavādaka:"အညဝါဒက(ပု၊န)
[အည+ဝဒ+ဏွု]
(က) အခြား-တပါး-ကို-ပြောဆိုတတ်သူ၏အဖြစ်-ပြောဆိုခြင်း။ အခြား-တပါး-သော-စကား-အကြောင်းအရာ-ကို-အခြား-တပါးသော-စကား-အကြောင်းအရာ-ဖြင့်-လှီးလွှဲပြောဆို-ဖုံးအုပ်-ကာကွယ်-တတ်သူ၏အဖြစ်၊-ခြင်း။ အဖျင်းဖျင်းဆိုခြင်း၊ (သံဃအလယ်တွင် ဝတ္ထု၌သော်လည်းကောင်း,အာပတ်၌သော်လည်းကောင်း မေးစီစစ်အပ်သော် မပြောလို,မထုတ်ဖော်လို၍ ''ဘယ်သူ အာပတ်သင့်သနည်း¿ ဘယ်အာပတ်သင့်သနည်း¿ ဘာကြောင့်သင့်သနည်း¿ဘယ်သူ့ကို ဆိုနေကြသနည်း¿ဘာကို ဆိုနေကြသနည်း¿''စသည်ဖြင့် ပြောဆိုခြင်း)။ (ခ) အညဝါဒကကံ။ အခြား-တပါး-ကို-လှီးလွှဲပြောဆို-ဖုံးအုပ်-ကာကွယ်-သော ပုဂ္ဂိုလ်၏ အဖြစ်သို့ တင်သော ကံ။