abhedūpacāra
abhedūpacāra:"အဘေဒူပစာရ(ပု)
[အဘေဒ+ဥပစာရ]
မခွဲခြား-မကွဲပြား-သောအားဖြင့်-ခေါ်ဝေါ်-ပြောဆို-သုံးနှုန်း-ခြင်း။ ခြားနား-ကွဲပြား-လျက်-မခြားနား-မကွဲပြား-သောအားဖြင့် တင်စား၍-ခေါ်ဝေါ်-ပြောဆို-သုံးနှုန်း-ခြင်း၊ (၁) အကြောင်းနှင့် အကျိုးကို မခွဲခြားပဲဆိုခြင်း။ (က) အကြောင်း၏အမည်ကို အကျိုး၌ တင်စား၍ ဆိုခြင်း။ (ခ) အကျိုး၏ အမည်ကို အကြောင်း၌ တင်စား၍ ဆိုခြင်း။ (၂) ဌာနနှင့် ဌာနီကို မခွဲခြားဘဲ ဆိုခြင်း၊ ဌာန၏အမည်ကို ဌာနီ၌ တင်စား၍ ဆိုခြင်း။ (၃) ထင်ရှားရှိသော ဝတ္ထုနှင့် ထင်ရှားမရှိသော ဝတ္ထုကို မခွဲခြားဘဲ ဆိုခြင်း။ ထင်ရှားရှိသော ဝတ္ထု၏အမည်ကို ထင်ရှားမရှိသော ဝတ္ထု၌ တင်စား၍ ဆိုခြင်း။ (၄) အတူရှိသော ဝတ္ထုနှင့် အတူဖြစ်သော ဝတ္ထုကို မခွဲခြားဘဲ ဆိုခြင်း၊ အတူရှိသော ဝတ္ထု၏အမည်ကို အတူဖြစ်သော ဝတ္ထု၌ တင်စား၍ ဆိုခြင်း။ (၅) အပေါင်းနှင့် အစိတ်ကို မခွဲခြားဘဲ ဆိုခြင်း၊ အပေါင်း၏ အမည်ကို အစိတ်၌ တင်စား၍ ဆိုခြင်း။