abhivagga
abhivagga:abhivagga(pu)
အဘိဝဂ္ဂ(ပု)
[abhi+vagga. vagī-saṃ. ----so,sū. rhi sabhotūarāeiea acua,vīlyaṃ. sattiç . vīlyaṃ,kotthubha. abhivagga-hū rā, yūra so ma tanerārānitea ra laṃso rā,aṭṭhakathāç ṭīkā aara khaṃakhrenitea so a ]ma]khyīyuea akhā khyakā sūkhyeso hu mira. mācaso aṅaṃnitea apruso ]]]]so tapelohu rhi. a da māka raṃ anitea ]] praa a cī caso kha yuea ma saṃ atū khaṃneleeiea]]hu mahārāja paṭhama nhā 4va2-nitea pārhi. tuṃ bala taka raṃanitea...]]bala nitea a aacuṃ athvethve,yantacīyuea khya]]hu mahārāja paṭhama-nhā-458-nitea pārhi.]
[အဘိ+ဝဂ္ဂ။ ဝဂီ-သံ။ ပိတ်ပင်-တားဆီး-ပယ်ထုတ်-မောင်းနှင်-သော၊ သူ။ သက်ရှိသက်မဲ့ သဘောတူအရာတို့၏ အစုအပေါင်း၊ ဝီလျံ။ သတ္တိ,စွမ်းအား။ ဝီလျံ၊ ကောတ္ထုဘ။ အဘိဝဂ္ဂ-ဟူသည် စစ်လက်နက်တစ်မျိုးပင် ဖြစ်ရာသည်၊ စစ်လက်နက်တို့တွင်လည်း ရွေ့ပြောင်းသယ်ယူရသည့် ပေါ့ပါးသေးငယ်သော လက်နက်မျိုး မဟုတ်ဘဲ တနေရာရာ၌ တပ်ဆင်ထားရသည့် လေးလံကြီးမားသော လက်နက်မျိုးဖြစ်ရာသည်၊ အဋ္ဌကထာ,ဋီကာ အဖွင့်များအရ ဆိုသော် အောက်ခံအခြေ၌ ထက်သော အသွားများဖြင့် ချိတ်တွယ်လျက် စက်ဖြင့် 'မ'ချီ၍ မောင်းတင်ထားပြီးလျှင် လိုအပ်သည့်အခါ ဖြုတ်ချကာ ရန်သူကိုနှိပ်စက်ချေမှုန်းသော လက်နက်မျိုးဟု ရိတ်စားမိရသည်။ ယင်းကို မြန်မာစသော အရှေ့တိုင်းနိုင်ငံတို့၌ အသုံးပြုသော စစ်လက်နက်တို့တွင် 'တုံးမောင်း'ဆိုသော လက်နက်တမျိုးပေလောဟု စဉ်းစားဖွယ်ရှိသည်။ အကြောင်းသော်ကား ယိုးဒယားမြို့တော်ကို မြန်မာစစ်တပ်က ဝိုင်းရံတိုက်ခိုက်သည့် အခန်း၌ 'မြို့ထိပ်များတွင် မြို့စီးပြစီးအပြည့်တင်ပြီးလျှင် ပြောင်း အမြောက် စီစဉ် ခင်းကျင်းလျက် လောက်လွဲ တုံးမောင်းစသော ဆင်ခလုပ်စိုက်ထားပြီးလျှင် တက်၍ မတိုက်ဘဲ သံမြို့နှင့် အတူ ကြံ့ကြံ့ခံနေလေ၏'ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ပဌမတွဲ နှာ ၄ဝ၂-၌ ပါရှိသည်။ ကောင်းတုံမြို့ ဗလမင်းထင်တပ်ကို တရုပ်တို့က ဝန်းရံတိုက်ခိုက်သည့်အခန်း၌...'ဗလမင်းထင်လည်း မြို့ထိပ်တပ်ထိပ်တို့၌ အမြောက် စိန်ပြောင်း လက်နက်အပြည့်အစုံတင်ပြီးလျှင် အထွေထွေတုံးမောင်းတင်သည်၊ စက်ယန္တရားစီရင်၍ ပစ်ခတ်ရိုက်ချသည်'ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တောင်ကြီး ပဌမတွဲ-နှာ-၄၅၈-၌ ပါရှိသည်။]