abrāhmaṇa
abrāhmaṇa:"အဗြာဟ္မဏ(ပု)
[န+ဗြာဟ္မဏ။ ထီ၌ အဗြာဟ္မဏီ။]
ဗြာဟ္မဏမဟုတ်သော၊ သူ။ (၁) ဇာတိဗြာဟ္မဏမဟုတ်သော၊ သူ။ (ဗြာဟ္မဏဇာတ်ရှိသူမှ တစ်ပါး မင်းမျိုး,ကုန်သည်မျိုး,သူဆင်းရဲမျိုးစသည် အခြားအမျိုးဇာတ်ရှိသူအားလုံးကို ဆိုလိုသည်။ (က) 'ဗြဟ္မဏ၏ သားမဟုတ်သော၊ သူ။ (ခ) ဗြာဟ္မဏလျှင် အမွန်အစ,ဆွေမျိုးစဉ်ဆက်ရှိသည်မဟုတ်သော၊ သူ။ (ဂ) သာမ,ယဇု,ဣရု-ဟူသော ဝေဒ ၃-မျိုးကို မသင်ယူ,မပို့ချ,မတတ်သိသော၊ သူ'ဟု ဇာတ်ဗြာဟ္မဏဝိဂြိုဟ်၏ ဗျတိရေကအနက် ဖော်မည်ဆိုလျှင်လည်း ရနိုင်ရာသည်။ (၂) ဝိသုဒ္ဓိ,အရိယ,မရမတ္ထဗြာဟ္မဏမဟုတ်သော၊ သူ။ မကောင်းမှုကို မိမိသန္တာန်မှ-အပပြုအပ်ပြီး-မျှောချအပ်ပြီး-မဟုတ်သော၊ သူ။ (အရိယမဂ်ကို မသိသူ,မြတ်သော အရိယဇာတ်ဖြင့် မွေးဖွားသည် မဟုတ်သူ,ဗြာဟ္မဏဖြစ်၍ဖြစ်သော ဘုရားရှင်၏ သားတော်စစ်မဟုတ်သူ,အတုမရှိသည့် အရိယမဂ်ဟူသော ဗြာဟ္မဏကို မဟောတတ်သူ,ကောင်းစွာ ထက်ဝန်းကျင်စင်ကြယ်သော သာသနာ့ကျင့်ဝတ်ကို မဟောတတ်သူ ဤသို့ စသည်ဖြင့်လည်း အရိယဗြာဟ္မဏဝိဂြိုဟ်၏ ဗျတိရေကအနက်ဖော်ပြလျှင်လည်း ရနိုင်ရာသည်)။