akkharappabheda
akkharappabheda:"အက္ခရပ္ပဘေဒ(ပု)
[အက္ခရ+ပဘေဒ။ ဌာနကရဏာဒိဝိဘာဂတော,နိဗ္ဗစနဝိဘာဂတော စ အက္ခရာ ပဘေဒိယန္တိ ဧတေဟီတိ အက္ခရပ္ပဘေဒါ။ ဒီ၊ဋီ၊၁၊၂၉၁။မ၊ဋီ၊၃၊၁၆၇။]
ဌာန်,ကရိုဏ်းစသည်ဖြင့်လည်းကောင်း,ဝိဂြိုဟ်ဝစနတ်အားဖြင့်လည်းကောင်း အက္ခရာတို့ကို ဝေဖန်ရာဖြစ်သော ကျမ်း။ သိက္ခာကျမ်း,နိရုတ္တိကျမ်း၊ (သိက္ခာကျမ်းဟူသည် သရ,ဗျည်း,ဌာန်,ကရိုဏ်း,ဂယတ်တို့ကို ပြဆိုသော ပါဏိနိသိက္ခာ,နာရဒသိက္ခာ စသော ကျမ်းတည်း။ နိရုတ္တိကျမ်းဟူသည် ဝဏ္ဏာဂမ-စသော လက္ခဏာငါးပါးတို့ဖြင့် ပကတိ,ပစ္စယတ္ထ,နိဗ္ဗစနတ္ထတို့ကို ပြဆိုသော ဗျာကရဏပရိသိဋ္ဌဟု ဆိုထိုက်သော သာသရသေ့စီရင်အပ်သော ကျမ်းတည်း)။