anupubbaseṭṭhiputta
anupubbaseṭṭhiputta:"အနုပုဗ္ဗသေဋ္ဌိပုတ္တ(ပု)
[အနုပုဗ္ဗ+သေဋ္ဌိပုတ္တ]
အနုပုဗ္ဗမည်သော သူဌေးသား။ ၎င်းသည် အစဉ်အတိုင်း-တစ်ဆင့်ပြီးတစ်ဆင့်-ကောင်းမှုတို့ကို တိုး၍ တိုး၍ ပြုလုပ်သောကြောင့် အနုပုဗ္ဗသူဌေးသားဟု အမည်ရသည်။ နောက်ဆုံး၌ ရဟန်းပြုရာတွင် အဘိဓမ္မာဆရာနှင့် ဝိနည်းဓိုရ်ဥပဇ္ဈာယ်တို့ အကြားဝယ် မလှုပ်သာအောင်ဖြစ်၍ စိတ်ညစ်ကာ လူထွက်မည်ပြုစဉ် ဆရာနှင့် ဥပဇ္ဈာယ်တို့က မြတ်စွာဘုရားထံ ပို့သဖြင့် ''တစ်ခုတည်းကိုသာ စောင့်ရှောက်နိုင်လျှင် အခြားစောင့်ရှောက်ဖွယ်မရှိ''ဟု စိတ်တစ်ခုတည်းကိုသာ စောင့်ရှောက်ရန် မြတ်စွာဘုရားက ဩဝါဒပေးပြီး ဒေသနာတော်အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်သည်။