anuruddhasutta
anuruddhasutta:အနုရုဒ္ဓသုတ္တ(န)
[အနုရုဒ္ဓ+သုတ္တ]
(၁) ပဉ္စကင်္ဂလက်သမားအား အနုရုဒ္ဓမထေရ်က အပ္ပမာဏစေတောဝိမုတ္တိနှင့် မဟဂ္ဂတစေတော ဝိမုတ္တိတို့၏ ထူးခြားပုံကို ရှင်းလင်းဟောပြသည့်သုတ်၊ အနုရုဒ္ဓသုတ်။ (၂) မယားဟောင်းဖြစ်ခဲ့ဘူးသည့် ဇာလိနီနတ်သမီးအား အနုရုဒ္ဓမထေရ်က ဟောပြသည့်သုတ်၊ အနုရုဒ္ဓသုတ်။ (၃) မာတုဂါမတို့၏ အပါယ်လားကြောင်း တရားသုံးပါးကို အနုရုဒ္ဓမထေရ်အား မြတ်စွာဘုရားက ဟောပြသည့်သုတ်၊ ပဌမအနုရုဒ္ဓသုတ်။ (၄) အနုရုဒ္ဓမထေရ်အား သာရိပုတ္တမထေရ်က မာန,ဥဒ္ဓစ္စ,ကုက္ကုစ္စု တရားသုံးပါးကို ပယ်ရှားရန် ဟောပြသည့်သုတ်၊ ဒုတိယ အနုရုဒ္ဓသုတ်။ (၅) တရားရှစ်ပါးတို့နှင့် ပြည့်စုံသော မာတုဂါမသည် မနာပကာယိကာ နတ်သမီးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်နိုင်ကြောင်း အနုရုဒ္ဓမထေရ်အား မြတ်စွာဘုရားက ဟောပြသည့်သုတ်၊ အနုရုဒ္ဓသုတ်။