araṇavibhaṅgasutta
araṇavibhaṅgasutta:အရဏဝိဘင်္ဂသုတ္တ(န)
[အရဏဝိဘင်္ဂ+သုတ္တ]
အရဏဝိဘင်္ဂသုတ်။ (၁) ကာမချမ်းသာကို ရှောင်ရှားခြင်း။ (၂) အတ္တကိလမထအကျင့်ကို မကျင့်ခြင်း။ (၃) သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးဟူသော မဇ္ဈိမပဋိပဒါတရား။ (၄) ပုဂ္ဂိုလ်ခွဲအားဖြင့် မြှောက်ပင့်ခြင်း,နှိပ်ကွပ်ခြင်း မပါဘဲ ဓမ္မာဓိဋ္ဌာန်အားဖြင့် ဟုတ်မှုန်သော သဘောတရားတို့ကို ဟောပြောခြင်း။ (၅) ပဌမဈာန်သုခ အစရှိသော ဈာန်ချမ်းသာ။ (၆) ကုန်းတိုက်မှုကို ရှောင်ရှား၍ အခါကာလအားလျော်စွာ ကွယ်ရာ၌ ပြောဆိုအပ်သော အကျိုးရှိ ဟုတ်မှန်သော စကား။ (၇) အကျိုးရှိစေလို၍ အခါကာလအားလျော်စွာ မျက်မှောက်၌ ကဲ့ရဲ့ပြစ်တင် ပြောဆိုအပ်သော အကျိုးရှိဟုတ်မှန်သော စကား။ (ဂ) အဆောတလျင် မပြောဘဲ ဖြေးဖြေးပြောဆိုခြင်း။ (၉) ဤအရပ်ဒေသမှ စကားအသုံးအနှုန်းသာ မှန်သည်ဟု ဒေသအစွဲအလမ်း မထားဘဲ ထိုထို အရပ်ဒေသ အားလျော်စွာ ပြောဆိုသုံးနှုန်းခြင်း။ ဤသို့အားဖြင့် ကိလေသာကင်းကွာသော ၉-ပါးသော အရဏတရား (အရဏပဋိပဒါတရား)တို့ကို အကျယ်အားဖြင့် ဟောပြရာ သုတ်။