ariṭṭhapura
ariṭṭhapura:အရိဋ္ဌပုရ (န)
[အရိဋ္ဌ+ပုရ]
(၁) အရိဋ္ဌ-မည်သော မြို့။ သိဝိတိုင်းအတွင်းရှိ၍ သိဝိဘုရင်အုပ်စိုးရာ မြို့တော်ဖြစ်သည်၊ ဥမ္မာဒန္တီသူဌေးသမီးမွေးဖွားရာမြို့လည်းဖြစ်သည်။ အရိဋ္ဌပုရနဂရ-လည်းကြည့်။ (၂) အရိဋ္ဌမြို့။ သိဝိတိုင်း,သိဝိဘုရင်အုပ်စိုးရာမြို့ပင်ဖြစ်၍ ထိုမြို့၌ ဘုရားအလောင်းသိဝိမင်းကြီးသည် ပုဏ္ဏားယောင် ဆောင်သော သိကြားမင်းအား မိမိ၏ မျက်စိနှစ်လုံးကို ထုတ်လှူဘူးသည်။ ဆိုခဲ့ပြီးသော (၁) အမှတ် အရိဋ္ဌမြို့,မြို့အမည်,တိုင်းအမည်,ဘုရင်အမည် အားလုံး တူနေသော်လည်း ကာလမှာ မတူဘဲ ကွဲပြား ခြားနားသည်။ အရိဋ္ဌပုရနဂရ,အရိဋ္ဌသဝုယ-တို့ကြည့်။ (၃) အရိဋ္ဌမြို့။ မဟောသဓာ-သုခမိန်သည် စူဠနိဗြဟ္မဒတ်မင်း,ကေဝဋ်ပုဏ္ဏားတို့၏ လျှို့ဝှက်သော အကြံကို သိရှိရန် ကျေးသားကို စေလွှတ်ရာ မဟောသဓာ၏ ကျေးသား တထောက်နားရာ မြို့ဖြစ်သည်။ (၄) အရိဋ္ဌ-မြို့။ ထိုမြို့၌ ဘုရားလောင်းရွဲကုန်သည်,ဒေဝဒတ်လောင်း ရွဲကုန်သည်တို့ ရွဲကုန်များ လှည့်လည်ရောင်းချခဲ့ဘူးသည်၊ အသပြာတစ်သိန်း ထိုက်သော ရွှေခွက်ကို ဒေဝဒတ်လောင်းက မတရားယူလိုရာ ဘုရားလောင်းက တရားသဖြင့် ယူခဲ့သည်။ ထိုကြောင့် ဒေဝဒတ်လောင်းက ပဌမဦးဆုံး ရန်ငြိုးစ၍ ဖွဲ့ခဲ့သည်။