aruṇavantu
aruṇavantu:အရုဏဝန္တု(တိ)
[အရုဏ+ဝန္တု။ ထီ-၌ အရုဏဝတီ။ အာ သမန္တတော အာလောကံရောန္တော ကရောန္တော ဥဏတိ ဂစ္ဆတီတိ အရုဏော၊ သော တသ္မိံ ဝိဇ္ဇတီတိ အရုဏာတီ။ အပ၊ဋ္ဌ၊၂။၁၈၇။]
(၁) အရုဏဝါ အမည်ရှိသော မင်း၊ အရုဏဝတီမြို့ဘုရင်။ သိခီမြတ်စွာဘုရား၏ ခမည်းတော်ဖြစ်သည်။ ဤမင်း၏ အမည်ကို အရုဏ-ဟုလည်း ခေါ်သည်။ အရုဏ-(၂,၁)-ကြည့်။ အရုဏရာဇ-လည်းကြည့်။ (၂) အရုဏဝတီမည်သော မြို့။ သိခီမြတ်စွာဘုရား၏ ခမည်းတော် အရုဏ (အရုဏဝါ) မင်းကြီး ထီးနန်းစိုးစံရာမြို့တော်ဖြစ်သည်၊ နေ၏ အရုဏ်ရောင် အဆင်း ထွန်းလင်းတောက်ပရာ မြို့ဖြစ်သောကြောင့် (အခြားမြို့များ၌လည်း အရုဏ်ရောင်အဆင်းရှိသော်လည်း ဂေါ,မဟိံသ-စသည်တို့ ကဲ့သို့ ရုဠှီအားဖြင့်) အရုဏဝတီအမည်ရသည်။ (၃) အရုဏဝတီမည်သော ကျောင်း။ အရုဏဝတီဝိဟာရ-ကြည့်။