assakhaḷuṅkasuttanta
assakhaḷuṅkasuttanta:အဿခဠုင်္ကသုတ္တန္တ(န)
[အဿခဠုင်္က+သုတ္တန္တ]
(၁) အဿခဠုင်္ကသုတ်။ ဤသုတ်၌ လောက၌ လျင်မြန်သောအဟုတ်နှင့် ပြည့်စုံ၍ ရုပ်အဆင်း,အလုံးအရပ်တို့နှင့်မူ ပြည့်စုံသည်လည်းရှိ,မပြည့်စုံသည်လည်း ရှိသောကြောင့် အဿခဠုင်္က (မြင်းငယ်) သုံးမျိုးသုံးစားကွဲပြားသကဲ့သို့ ထိုအတူ ဤသာသနာတော်၌ သစ္စာလေးပါးတရားကို ဟုတ်မှန်စွာ သိသောဉာဏ်နှင့် ပြည့်စုံ၍ အဘိဓမ္မာအရာပြဿနာဝိနည်းအရာပြဿနာတို့၌ကား ဖြေဆိုနိုင်သော ဉာဏ်နှင့် ပြည့်စုံသည်လည်းရှိ,မပြည့်စုံသည်လည်းရှိသောကြောင့် ပုရိသခဠုင်္က(ရဟန်း)သုံးမျိုးသုံးစားကွဲပြားကြောင်းကို ဟောတော်မူသည်။ (၂) အဿခဠုင်္ကသုတ်။ ဤသုတ်၌ လောက၌ ကြမ်းတမ်းရိုင်းစိုင်းသော မြင်း (အဿခဠုင်္က) ရှစ်မျိုး၌ အပြစ်ရှစ်မျိုးရှိသကဲ့သို့ ထို့အတူ ဤသာသနာတော် အာပတ်ဖြင့် စစ်ဆေးမေးမြန်းခံရသော ရဟန်း (ပုရိသခဠုင်္က) ရှစ်မျိုး၌ အပြစ်ရှစ်မျိုးရှိကြောင်း ဟောတော်မူသည်။ (၃) အဿခဠုင်္ကသုတ်။ ဤသုတ်၌ (၁) အဿခဠုင်္ကသုတ်အတိုင်းပင် အဿခဠုင်္ကသုံးမျိုးနှင့် နှိုင်းယှဉ်၍ ပုရိသခဠုင်္ကသုံးမျိုးကို ဟောတော်မူပြီးနောက် အဿခဠုင်္ကသုံးမျိုးနှင့် အလားတူ အဿပရဿ(မြင်း အမြောက်အမြားရှိသည့်အနက်မှ သာလွန်ထူးခြားသော မြင်း သုံးမျိုးရှိသကဲ့သို့ ထို့အတူ ပုရိသပရဿ ဩရမ္ဘာဂိယ သံယောဇဉ်ငါးမျိုး ကုန်ခန်းခြင်းကြောင့် အနာဂါမ်ပုဂ္ဂိုလ်အဖြစ်သို့ ရောက်လျက် သုဒ္ဓါဝါသဗြဟ္မာ့ဘုံသားဖြစ်၍