ayakūṭajātaka
ayakūṭajātaka:အယကူဋဇာတက (န)
[အယကူဋ+ဇာတက]
အယကူဋဇာတ်။ ခုဒ္ဒကနိကာယ၊ ဇာတကပါဠိ၊ ၄-နိပါတ်၊ ၅-ဝဂ်၊ ၇-ဇာတ်။ ဘုရားအလောင်းတော်သည် ဗြဟ္မဒတ်မင်း၏ သားဖြစ်၍ ခမည်းတော် နတ်ရွာစံသောအခါ၌ တရားနှင့် အညီ မင်းပြုသည်၊ ထိုအခါ၌ လူတို့သည် သိုး,ဆိတ် စသော သတ္တဝါများကို သတ်၍ နတ်တို့အား ပူဇော်ပသကြသည်၊ အလောင်းတော်က သတ္တဝါများကို မသတ်ရဟု အမိတ်ထုတ်ပြန်သောအခါ နတ်တို့သည် ပူဇော်ပသမှု မရကြသဖြင့် စိတ်ဆိုးကြ၍ အလောင်းတော်အား သတ်ရန် ဘီလူးတယောက်ကို စေလွှတ်လိုက်သည်၊ ထိုဘီလူးသည် ထောင်ထွက်ပမာဏရှိ ရဲရဲပြောင်သော သံတူကြီးဖြင့် ထုသတ်ရန်သွား၍ ဘုရားလောင်း၏ အိပ်ရာထက်၌ တည်သောအခါ သိကြားမင်းသည် ထိုအကြောင်းကို သိ၍ ဝရဇိန်လက်နက်ကို ယူပြီး ဘီလူးအထက်၌ ရပ်တည်သည်၊ ဘီလူးသည် သိကြားမင်းကို ကြောက်သောကြောင့် ဘုရားလောင်းကို မသတ်တော့ပေ၊ သိကြားမင်းသည် ဘီလူးကို နှင်ထုတ်၍ ဘုရားလောင်းအား စောင့်ရှောက်မည်ဖြစ်ကြောင်း ပြောကြားကာ မိမိနေရာသို့ ပြန်သွားလေသည်၊ ဤဇာတ်ကို လောကအကျိုး ကျင့်ဆောင်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။