ayyamitta
ayyamitta:အယ်မိတၱ(ပု)
[အယ်+မိတၱ။ ယာဒိစ္ဆကနာမ်]
အယျမိတ္တ-မည်သော မထေရ်။ ကဿကလိုဏ်၌နေသော မထေရ်ဖြစ်သည်၊ ထိုမထေရ်၏ ဆွမ်းခံရွာ၌နေသော ဥပါသိကာမကြီး တစ်ယောက်သည် မထေရ်အား မိမိသားကဲ့သို့ပြုစုလုပ်ကျွေးသည်၊ ဥပါသိကာမကြီးသည် တစ်နေ့သ၌ တောသို့ သွားခါနီးတွင် သူ၏သမီးအား မထေရ်အတွက် ဆွမ်းချက်၍ နို့,ထောပတ်တို့,တကွ လှူလိုက်ရန်,သူ့အတွက်မူ (ပအုံးရည်,ထမင်းကြမ်း စားပြီးပြီဖြစ်၍ နေ့လည်စာအတွက်) ဟင်းရွက်,ဆန်ကွဲရောပြီး ယာဂုကျိုထားရန် ပြောဆိုမှာထားသည်။ ထိုစဉ် မထေရ် ရောက်ရှိကြားသိသဖြင့် ''ဤဥပါသိကာမကြီးသည် သူ့အတွက် ထမင်းကြမ်း,ပအုံးရည်,ယာဂုတို့ကိုသာ စားလောက်၍ သင့်အဖို့မူ နှစ်ချို့ ဆန်,ထောပတ် စသည် လှူရန် ပြောကြားနေပေသည်၊ ဤသို့ လှူဒါန်းခြင်းသည် သင့်ကိုမှီ၍ လယ်,ယာစသည်ကို ရလို၍ မဟုတ်သမ္ပတ္တိ ၃-မျိုးကို ရလို၍သာ ဖြစ်သည်၊ ထိုသမ္ပတ္တိကို သင်ပေးစွမ်းနိုင်ပါရဲ့လား၊ ဤဆွမ်းကို ရာဂ,ဒေါသ-တို့ရှိနေလျက် စားရန် မသင့်လျော်''ဟု မိမိကိုယ်ကို ဆုံးမ၍ ကဿကလိုဏ်သို့ ပြန်ကာ အရဟတ္တဖိုလ်သို့ မရောက်ဘဲ မထွက်တော့အံ့ဟု အဓိဋ္ဌာန်ပြု၍ ဂူအတွင်း၌ ထိုင်ကာ တရားအားထုတ်ရာ နံနက်အချိန်မှာပင် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာဖြစ်သည်၊ လိုဏ်တံခါး၌ နေသော နတ်က ''နမော တေ ပုရိသာဇည''စသည်ဖြင့် ဝမ်းမြောက်စွာ ဥဒါန်းကျူးသည်။ အရှင်ဘုရားကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်ကို ဆွမ်းလှူ၍ အမယ်ကြီးများသည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါလိမ့်မည်ဟု ပြောဆိုသည်၊ မထေရ်သည် အချိန်စောသေး၍ ဆွမ်းခံဝင်ရာ ဥပါသိကာမကြီး၏ သမီးက ဆွမ်းချက် လှူဒါန်းသဖြင့် ''သုခံ ဟောတု''ဟု အနုမောဒနာပြု၍ ပြန်ကြွသည်။ ထိုအချိန်၌ မထေရ်၏ ကိုယ်အဆင်း ကြည်လင်သန့်ရှင်းလှသည်။ ဥပါသိကာမကြီး ပြန်ရောက်၍ သူ့သမီးက အကြောင်းစုံ ပြောပြရာ ရဟန်းကိစ္စ ပြီးစီးကြောင်း သိ၍ ''သင့်မောင်တော်ဟာ သာသနာတော်မှာ ပျော်မွေ့နေပါပြီ၊ မငြီးငွေ့တော့ပါဘူး''ဟု ပြောဆိုလေသည်။ မဟာမိတ္တတ္ထေရ-ကြည့်။