candimasutta
candimasutta:စန္ဒိမသုတ္တ(န)
[စန္ဒိမန္တု+သုတ္တ]
စန္ဒိမသုတ်၊ ''ရာဟု'' ခေါ် ''အသုရိန်နတ်'' သည် လဗိမာန်၏ အရောင်အလင်း ထွန်းလင်းတောက်ပသည်ကို ဝန်တိုငြူစူသဖြင့် လဗိမာန်ကို (ခံတွင်း-စသည်ဖြင့်) ဖမ်းယူသော အခါလနတ်သားသည် ဘုရားရှင်ကို ရှိခိုးလျက် ''ကြီးသော လုံ့လဝီရိယ ရှိတော်မူသော မြတ်စွာဘုရား-ရှင်တော်ဘုရားသည် အလုံးစုံသော အရာတို့၌ ဘေးရန်အန္တရာယ်မှ လွတ်မြောက်သူဖြစ်ပါ၏၊ တပည့်တော်သည် ရာဟုခံတွင်းသက်ဆင်း ကျရောက်လျက် ကျဉ်းမြောင်းခက်ခဲ ဆင်းရဲခြင်းသို့ ရောက်၍ နေပါ၏၊ ရှင်တော်ဘုရားသည် တပည့်တော်၏ ကိုးကွယ်အားထားရာ ဖြစ်တော်မူပါ''ဟု တမ်းတလျှောက်ထားသည်၊ ဘုရားရှင်သည် ''ရာဟုအသုရိန်-လနတ်သားသည် ငါဘုရားအား ကိုးကွယ်ဆည်းကပ် အလေးအမြတ် ပြုသူဖြစ်၏၊ သင်သည် လနတ်သားကို လွှတ်လော့၊ ဘုရားရှင်တို့သည် လောကသားအားလုံးကို အစဉ်သနား စောင့်ရှောက်တော်မူကုန်၏'' ဟု မိန့်ဆိုတော်မူလိုက်သည်၊ ထိုအခါ ရာဟုအသုရိန်သည် ဘုရားရှင်၏ အမိန့်တော်ကို ကြောက်ရွံ့ထိတ်လန့်လျက် လဗိမာန်နှင့်တကွလနတ်သားကို လွှတ်၍ ဝေပစိတ္တိအသုရိန်ထံ ပြေးရလေသည်-ဟု ဟောတော်မူသောသုတ်။