catutthapuggala
					
					catutthapuggala:စတုတ္ထပုဂ္ဂလ	(ပု)
  [စတုတ္ထ+ပုဂ္ဂလ]
  ၄-ယောက်မြောက် ပုဂ္ဂိုလ်။ (က) မိမိကို ပူပန်ဆင်းရဲစေသော ပုဂ္ဂိုလ်,သူတစ်ပါးကို ပူပန်ဆင်းရဲစေသော ပုဂ္ဂိုလ်,မိမိသူတစ်ပါး ၂-ဦးသားကို ပူပန်ဆင်းရဲစေသော ပုဂ္ဂိုလ်,မိမိသူတစ်ပါး ၂-ဦးသားကို မပူပန် မဆင်းရဲစေသော ပုဂ္ဂိုလ်ဟူသော ၄-မျိုးတို့တွင် ၄-ယောက်မြောက်ပုဂ္ဂိုလ်။ (ခ) မိမိ၏အကျိုး စီးပွါးကို ပြုကျင့်သော ပုဂ္ဂိုလ်,မိမိသူတစ်ပါး ၂-ဦးသား၏ အကျိုးစီးပွါးကို မပြုကျင့်သော ပုဂ္ဂိုလ်,မိမိသူတစ်ပါး ၂-ဦးသား၏ အကျိုးစီးပွါးကို ပြုကျင့်သော ပုဂ္ဂိုလ်ဟူသော ၄-မျိုးတို့တွင် ၄-ယောက်မြောက်ပုဂ္ဂိုလ်။ (ဂ) အဿာသ,ပဿာသ၏ အစ,အလယ်,အဆုံး,သုံးပါးလုံး ထင်ရှားစွာ သိသော ပုဂ္ဂိုလ် ၄-မျိုးတို့တွင် ၄-ယောက်မြောက်ပုဂ္ဂိုလ်။