cetiyasutta
					
					cetiyasutta:စေတိယသုတ္တ(န)
  [စေတိယ+သုတ္တ]
  စေတိယသုတ်၊ ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းမှ စာပါလနတ်ကွန်းကျောင်း (စာ-ပါလစေတီ) သို့ ကြွတော်မူပြီး၍ ''ဣဒ္ဓိပါဒ် တရား ၄-ပါးကို ကောင်းစွာအားထုတ်ထားသူသည် အာယုကပ်ပတ်လုံးသော်လည်းကောင်း,ထို့ထက် အလွန်သော်လည်းကောင်း တည်နေနိုင်သည်'' ဟု အရှင်အာနန္ဒာအား ဟောကြားတော်မူသည်၊ ထို့နောက် မာရ်နတ်၏ ပရိနိဗ္ဗာန်ပြုရန် တောင်းပန်မှုကို ''ဤနေ့မှ သုံးလလွန်သောအခါ ငါဘုရား ပရိနိဗ္ဗာန် ပြုတော်မူမည်''ဟု ပြန်လည်မိန့်ကြားတော်မူကာ ထိုစာပါလနတ်ကွန်းကျောင်း၌ပင် အသက်ရှည်ရန် ပြုပြင်မှု 'အာယုသင်္ခါရ'ကို စွန့်လွှတ်ကြောင်း ဟောပြတော်မူသော သုတ်။